zawgyi one & unicode
Sunday, July 7, 2013
Linde forklift driver safety training - Part 1 & 2
Sunday, June 30, 2013
အခြေခံ Networking ပညာရပ် အွန်လိုင်းမှာ အခမဲ့ လေ့လာမယ်

Presented by RHC Technologies
ကွန်ပြူတာ Networking ပညာရပ်ကို ယခုမှ စတင်လေ့လာ ဖို့ ပြင်ဆင် နေသူများအတွက် အကောင်းဆုံး ဖောင်ဒေးရှင်း ပေးမှာပါ။
လိပ်စာကတော့ - juniper networking
အမေရိကန် Juniper ကုမ္ပဏီက ဖြစ်ပါတယ်။ Cisco မဟုတ်ပါဘူး။ သို့ပေမယ့် အခြေခံကျတဲ့ Network Foundation က အတူတူပါပဲ။ သင်ခန်းစာ ၅ နာရီကြာမြင့်ပါတယ်။ တစ်ခေါက်ထဲနဲ့တော့ မရနိုင်ပါဘူး။ Test လည်းပါရှိပြီး final challenge လည်း ဖြေလို့ရပါတယ်။ ပြီးရင် ကိုယ့် အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာပါ တစ်ခါတည်း ထွက်ရှိလာမှာပါ။
Juniper မှာ Network အင်ဂျင်နီယာ ဖြစ်လိုသူများအတွက် အခမဲ့ သင်ကြား ပေးတဲ့ Course ဖြစ်ပါတယ်။ အသံနဲ့ ဗီဒီယိုဖိုင်ပါ။ ၅ နာရီ ကြာမြင့်တဲ့ Assignment ကို သုံးခါလောက် လုပ်ပြီးရင် အခြေခံကျတဲ့ အချက်တွေ ရလို့ Network ပညာရပ်ကို လေ့လာသွားနိုင်မှာပါ။ အားလုံး အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။
.
Aung Kham (TSJ team)
links fra ..... http://blog.techspace.com.mm/2013/06/networking.html#more
Tuesday, June 11, 2013
အလုပ်နှင့် ဝင်ငွေ
ယ္ခု.. နော်ဝေ နိုင်ငံတွင်နေထိုင်စဉ် ကျွန်ုပ်၏ ၁ လ ဝင်ငွေသည် နော်ဝေ ခရူနာ ၆၀၀၀ ဖြစ်သည်။ တစ်ရက်လျှင် အချိန် ၈ နာရီ အလုပ်လုပ်သည်။တွက်ကြည့်သော် ... ၁ ရက် ၃၀၀ ခရူနာ၊ ၁ နာရီ ၃၇.၅ ခရူနာဖြစ်ပေသည်။ အမှန် နော်ဝေနိုင်ငံတွင် အလုပ်ချိန် ၁ နာရီ လုပ်အားခမှာ ခန့်မှန်းချေ ၁၅၀ အထိတော့ ရနိုင်သည်။ ( အခွန်မဖြတ်ရသေး)။
ယ္ခုကျွန်ုပ်လုပ်နေသည်မှာ အမြဲတမ်းနေရာ မဟုတ်သည့်အတွက် အဲဒီလောက်အနည်းငယ်သာ ရရှိခြင်းဖြစ်သည်။ ( Individuell Program ) ဟု နော်ဝေ လိုခေါ်ပေသည်။ နည်းပေသော်လည်း စားသောက် နေထိုင်၍တော့ လောက်ငှပါပေသည်။ ကျွန်တော်တို့ အိမ်တွင်နေထိုင်သော မိသားစု တစ်စုလုံး၏ ဝင်ငွေကို ကြည့်၍ တိုင်းတာခြင်းဖြစ်သည်။ အမှန်တကယ် လိုအပ်လျှင် သွားလျှောက်၍ ရပါသည်။
ကျွန်ုပ် ယခုသွားနေသော Individuell အစီစဉ်မှာ ဝင်ငွေအနည်းဆုံးသာဖြစ်ပါသည်။ အခြားအချိန်ပိုင်းအလုပ် တစ်ခုနှင့်တွဲလုပ်နိုင်ပါက ပိုမို၍ဝင်ငွေ ရရှိနိုင်ပါသည်။ သည်လို အချိန်ပိုင်း အလုပ်လျှောက်ဖို့ဆိုသည်ကလဲ လုပ်နိုင်သည်ထားအုံး (ကားလိုင်စင်+ကား) ရှိဖို့ကလဲ လိုပါသေးသည်။ နော်ဝေနိုင်ငံတွင် ကားလိုင်စင်ရရှိဖို့ကလဲ အခရာ ကျပါသည်။ ကိုယ်သွားချင်သည့်နေရာအား အချိန်နှင့်တပြေးညီသွားနိုင်ဖို့က Oslo မြို့တွင်းလို ကားလိုင်း၊ ရထားလိုင်း မပေါများသော ကျွန်တော်နေထိုင်ရာ နယ်မြို့လေးအဖို့ အင်မတန် အရေးပါလှပါသည်။
ဆက်ပါအုံးမည်။

Thursday, May 30, 2013
Friday, May 17, 2013
Thursday, March 28, 2013
Open2Study ( Free online education )
Vil du ha noe på gratis utdanning. Du kan sjekke på den link http://www.open2study.com/ .
Monday, March 25, 2013
Audi - Leather production and treatment
Subscribe to:
Posts (Atom)