zawgyi one & unicode

Monday, July 22, 2013

Windows7 တင်နည်းလေ့ကျင့်ခန်းနှင့် Format ချနည်း Partition ပိုင်းနည်း


ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့် အောက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့ နားလည်ပေးကြပါဗျာ..။
ဝင်းဒိုးမတင်ခင် အရင်ဆုံး မိမိတို့ စက်ထဲက Drivers Software တွေကို Backup လုပ်ထားလိုက်ပါ..။ အရင်ပိုစ့်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ Drivers Backup လုပ်ထားနိုင်ပါတယ်..။ ဝင်းဒိုးအသစ်တင်ရင် Deivers အများစု ပျောက်သွားမှာ မို့လို့ပါ..။ ဝင်းဒိုးတင်ပြီးမှ Drivers တွေ Restore ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးတင်နည်းကို လေ့ကျင့်ခန်းလေးတခုအနေနဲ့ လေ့လာထားပြီ.. နောက်တင်တဲ့ပို့စ်မှာ Windows7 ခွေမရှိသေးတဲ့သူများအတွက် လေ့ကျင့်နိုင်အောင်လို့ Windows8 Cosumer Preview ခွေကို သူ့ရဲ့ Downloader နဲ့ ဒေါင်းယူပြီး ဝင်းဒိုးတင်တတ်အောင် ရေးပေးသွားပါ့မယ်..။ အခုတော့ ဒါလေးကို စလိုက်ကြရအောင်ဗျာ..
စက်ကိုဖွင့် ဝင်းဒိုးခွေထည့်.. Restart ချပေးပြီ.. Boot Menu ကိုဝင်တဲ့ ကီး F2, F12, F8, Del or ESC စသဖြင့် မိမိတို့ စက်ရဲ့ ပေါ်လာတဲ့ စာလုံးကို ကြည့်ပြီး ဆက်တိုက် နှိပ်ထားပေးပါ..။ အောက်ပုံမှာ ပြထားတဲ့ စာသားမျိုး ပေါ်လာတဲ့ အချိန်ကိုပြောတာပါ..။ ၄င်းကီးများကို မိအောင် လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်သွားလိုက်ပါ...

TeamViewer Enterprise 7.0.14563 - မိသားစု၊ သူငယ်ချင်းတို့ရဲ့ Computer တွေကို Internet ကနေ လှမ်းပြီး ကြည့်ပေး၊ ပြင်ပေးရအောင်

15 Sep 12, 02:54 PM
aungminhtet: အကိုရေးကျေးဇူးပြုပြီး ကျနော့်ကို နည်းပညာ၁ခုလောက် မျှဝေပေးပါအကို ကျနော်ကပြည်ပမှာပါ အိမ်ကမိသားစုတွေက computer ကိုသိပ်နားမလည်းတော့ ဒီကနေ လှမ်းကြည့်ပေးချင်တာ (ID.psw) သိပြီး (TeamViewer7) ကိုကောင်း၂သုံးမတတ်ဘူးဖြစ်
15 Sep 12, 02:58 PM
aungminhtet: အဲ့ဒါအကို့ကိုအကူညီတောင်းချင်လို့ပါ။ ကျေးဇူးပြုပြီးပုံနှင့်တကွ ရှင်းပြပေးပါနော်၊။အကိုကျန်းမားပါစေ၊ အောင်မြင်ပါစေ.. အောင်မင်းထက်(korea)
ဒီကောင်လေးကို ကျနော်စမ်းနေတာ ၂ရက်၊၃ရက်လောက် ရှိသွားပြီ..။ အရင်ကသုံးမကြည့်ဖူးတော့ အခုမှ စမ်းသပ်နေရတာ..။ အတော်လေးအဆင်ပြေပါတယ်..။ သူ့အတွက် ဖူးသုံးလို့ ရအောင် လိုက်ရှာရင်း၊ စမ်းသုံးရင်းနဲ့ ကြာနေတာ..။ အခုတော့ ဒီကောင်လေးကို ကျနော်သိသလောက်၊ သုံးကြည့်မိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်..။ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီိကောင်လေးအတွက် crack ဖိုင်လေး ၃ခု ထည့်ပေးထားပါတယ်..။ crack သုံးခုစလုံးကို တပြိုင်ထဲ သူ့ရဲ့ ဖိုဒါလေးထဲမှာ သွားပြီး ထည့်ပေးလိုက်ရင် Full သုံးလို့ ရသွားပါပြီ..။ crack ထည့်နည်းကို Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ Full ဖြစ်အောင်လုပ်နည်း ပိုစ့်မှာပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်..။ မလုပ်တတ်သေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ..။ ဒီထဲမှာပါတဲ့ crack ဖိုင်ကို ထည့်ရမှာ အဲဒီနည်းနဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာ crack မရခင် Trial နဲ့ စမ်းသုံးထားတဲ့ ပုံလေးတွေနဲ့ crack ထည့်ပြီး ဖူးနဲ့ အသုံးပြုထားတဲ့ ပုံလေးတွေကိုပါ ဖေါ်ပြပေးထားပါတယ်..။ အသုံးပြုရတာ မခက်ပါဘူး.. Connection ကျနေတဲ့ အချိန်ဆိုရင်တော့ နဲနဲနှေးတယ်.. ဖြည်းဖြည်းချင်း တဖက်ကစက်ကို တချက်ချင်း နှိပ်ရမှာပါ..။ Connection ကောင်းနေရင်တော့ မြန်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.3 MB ရှိပါတယ်..။ 
မှတ်ချက်။ ။ဒီကောင်လေးကို အသုံးပြုပြီး ကျနော့်ကို Internet ကနေကွန်ပျူတာ ပြင်ခိုင်းဖို့ မတောင်းဆိုကြပါနဲ့ဗျာ..။ အဲ့ဒါတွေ လိုက်လုပ်ပေးနေရင် Blog မှာ စာရေးနိုင်မှာ မဟုတ်တော့ပါဘူး..။ ဒါကြောင့် ဒီလို မတောင်းဆိုကြဖို့ ကြိုတင်အသိပေး တောင်းပန်အပ်ပါတယ်.. အားလုံးကို ခင်မင်လေးစားလျှက်ပါဗျာ..

ပါတ်စပို့ပုံများများ ထုတ်ချင်သူများအတွက် IDPhotoStudio-v2.7.5.25


ဒီကောင်လေးကတော့ မနေ့တနေ့က Cbox မှာ ကိုကံလင်းတောင်းထားတဲ့ ပါတ်စပို့ အင်္ကျီအမျိုးမျိုး ပြောင်းလို့ရမယ့်ဆော့ဝဲလ် လိုက်ရှာရင်းနဲ့ ရလာခဲ့တာပါ..။ ဖူးဗားရှင်းလေးပါပဲ..။ အင်္ကျီ အမျိုးမျိုးတော့ ပြောင်းလို့ ရတဲ့ ဆော့ဝဲလ် မဟုတ်ပါဘူး..။ ဒါပေမယ့် မိမိတို့ရဲ့ပါတ်စပို့ပုံတွေတော့ အများကြီး ထုတ်ပေးနိုင်ပါတယ်..။ ကျနော်စမ်းသုံးကြည့်တာ တော်တော်လေး သဘောကျသွားလို့ Photoshop နဲ့ ပါတ်စပို့ပုံ မလုပ်တတ်တဲ့သူများပါ အဆင်ပြေသွားအောင် ပြန်လည်မျှဝေလိုက်ပါတယ်..။ Photoshop နဲ့လုပ်တာကတော့ တကယ့်ပညာပေါ့ဗျာ.. ဒီကောင်လေးနဲ့ လုပ်တာတော့ ဘာမှပညာမပါပါဘူး..။ သုံးရတာလည်း လွယ်ပါတယ်..။ သုံးနည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။
ကိုကံလင်းတောင်းထားတဲ့ ဆော့ဝဲလ်ကတော့ ရှာလို့တွေ့တဲ့အခါ တင်ပေးပါမယ်..။ အခုတော့ ဒါလေးနဲ့ပဲ ကျေနပ်လိုက်ပါဗျာ... လိုအပ်တဲ့သူများကတော့ အောက်မှာ သုံးနေရာ တင်ထားပေးပါတယ်..။ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ..။ 1.46 MB ပဲရှိပါတယ်..။

Wednesday, July 10, 2013

ကျွန်ုပ်နှင့် ကားဝယ်ယူခြင်း အတွေ့အကြုံမှတ်တမ်းကောင်း။

ယနေ့တွင် ကျွန်ုပ်သည် လွန်ခဲ့သည့်ရက်ပိုင်းက အင်တာနက်တွင်သင့်တော်မည်ဟုထင်ထားသည့်ကားတစ်
စီးအား သွားကြည့်ဖြစ်သည်။ ကျွန်ုပ်နှင့်အတူ ဘာသာစကားကျွမ်းကျင်သူ၊ စက်ပိုင်းဆိုင်ရာနားလည်သူ၊ လိုက်ပါကူညီသူ စသည့်ဖြင့် ၅ ယောက်သွားကြည့်ကြသည်။

အင်တာနက်တွင်ရေးထားသည်များကို ဖတ်ကြည့်ကာ ဈေးနှုန်းနှင့် ပစ္စည်းသည် အင်မတန်မှ နှစ်လိုဖွယ်ရှိ
လှပါသည်။ အခြားသူများကိုလည်း အင်တာနက်ဝက်ဆိုဒ်မှမိမိနှစ်သက်သည့်ကားအား ပြကြည့်သည့်အခါ
တွင်လဲ ပစ္စည်းနှင့် ဈေးနှုန်းမှာ တန်သည်ဟု ပြောကြပါသည်။ သို့သော် လက်တွေ့စမ်းကြည့်မှ သိနိုင်မည်
ဟူ၍လဲ သူတို့ ကောင်းမွန်သောအကြံပေးကြပါသည်။

ဒီလိုနှင့် ကားကြည့်ဖို့ သွားဖြစ်ခဲ့ပါသည်။ ဟိုရောက်သောအခါတွင် ကားရောင်းသူမှ ကားစမ်းမောင်းကြည့်ဖို့
သော့ပေးပါသည်။ ကျွန်တော်တို့အထဲမှ စက်နားလည်သော ကားစမ်းမောင်းမည့် အကိုက ကားသော့ကိုယူ
၍ ကားစက် စနှိုးပါတော့သည်။ ကားစမ်းမောင်းသည့်အခါတွင် လိုက်ပါကြဖို့အတွက် ကားပေါ်တက်ခိုင်း
သည်နှင့်တပြိုင်နက် မဆိုင်းမတွ ကျွန်ုပ်သည် အိနြေ္ဒမဆည်နိုင်စွာ ကားရှေ့ခန်း ဝင်ထိုင်လိုက်ပါသည်။

Monday, July 8, 2013

CD/DVD ခွေဘယ်လို Burn မလဲ - အခွေမကူးတတ်သေးတဲ့ သူများအတွက် ခွေကူးနည်း လမ်းညွှန်

3 Oct 12, 06:15 PM
ဇော်ဖော်:
အကိုရေ လာလည်သွားတယ်နော် ဟဲဟဲ........ နေကတိုင်းကိုကြည့်ဖြစ်ပါတယ် အကိုဆိုဒ်ကို နည်းပညာတွေ ဒီထက်မက မျှဝေနိုင်ပါစေလို့ ဆုတောင်းပါတယ်အကို vcd/dvd software လေးတစ်ခုနဲ ခွေကူးပုံးလေး တင်ပြပေးပါအုံးအကိုေ
13 Oct 12, 10:52 PM
ဇော်ဖော်:
အကိုရေ ကူညီပါအုံးဗျို့ img software လေးနဲ့  ခွေကူးပုံကူးနည်းလေးတွေ ဖော်ပြပေးပါအုးံးနော် မလုပ်တတ်လို့ပါဗျာ ကူးညီပါအုံး
အစဉ်သဖြင့် ကျနော့် Blog လေးက မသိသေး၊ မလုပ်တတ်သေးတဲ့ ညီအစ်ကို မောင်နှမများ အတွက် ဦးစားပေး၊ ရည်ရွယ်ခဲ့တာပါ.. အခြေခံနည်းပညာလေးတွေကို အားလုံးလုပ်တတ်၊ ကိုင်တတ်ရှိဖို့ ကိုပဲ ရည်ရွယ်ပါတယ်.။ ကွန်ပျူတာကို ကျွမ်းကျင်ပြီးသား သူများအနေနဲ့ ကျနော့် Blog လေးက ရယ်စရာ၊ ကလေးကစားစရာ Blog လေးတခုလို ဖြစ်နေပါလိမ့်မယ်.. ကျနော့်လို Blog မျိုး ရှိကောင်းရှိနိုင်ပါတယ်.. ဒါပေမယ့် ကျနော်ရှာလို့ မတွေ့သေးပါ.. ကျနော် ဆော့ဝဲလ်တခု တင်ပေးလိုက်ရင် အနည်းဆုံးတော့ အကြမ်းမျဉ်း သုံးတတ်အောင် ကျနော်ရှေ့ကနေ လုပ်ပြပေးတာ အကျင့်လိုဖြစ်နေပါပြီ.. အဲ့အတွက် ကျနော် အချိန်တွေ အများကြီးပေးရပါတယ်.. ပုံတွေများရင် များသလို နာရီပေါင်း များစွား အချိန်ကုန်ပါတယ်.. ကျနော်မအားတဲ့ ရက်တွေမှာ မေးထားတဲ့ မေးခွန်းလေးတွေ ၊ တောင်းထားတဲ့ ဆော့ဝဲလ်တွေ တင်မပေးနိုင်ခဲ့ရင် နားလည်ပေးကြပါဗျာ.. တခြား Blog တွေလို တစ်ရက်ထဲ ဆော့ဝဲလ် ၅ခု၊ ၁၀ခု တင်ပေးလို့ ရပါတယ်.. ဒါပေမယ့် သူငယ်ချင်းတို့ သုံးလို့ရချင်မှ ရမယ်.. သုံးတတ်ချင်မှ သုံးတတ်မယ်.. အဲ့လိုဆို ပေးတဲ့လူအတွက်လည်း အကျိုးမရှိဘူး.. ဒေါင်းယူရတဲ့ လူအတွက်လည်း အချိန်ကုန်ပြီး အကျိုးမရှိဘူး.. ကျနော်အဲ့လို တွေးမိပါတယ်.. ဒါကြောင့် ကျနော်တခုခုတင်လိုက်တိုင်း သုံးတတ်ပြီး ၊ သုံးလို့ရပြီး အကျိုးရှိတာလေးတွေကိုပဲ တင်ပေးချင်ပါတယ်.. ပိုစ့်တင်တာ နည်းတဲ့ အခါကျရင်တော့ ကျနော်မအားလို့ဆိုတာ နားလည်ပေးကြပါဗျာ..
အခုဒီပိုစ့်လေးကို ကျနော့်သူငယ်ချင်း တော်တော်များ ကလည်း မသိသေး ၊ မလုပ်တတ်သေးလို့ ဒီအခွေကူးနည်း လေးကို တင်ပေးလိုက်ပါတယ်.. ကျနော့် Blog မှာတင်ပေးထားပြီးသား ရှိတဲ့ Ashampoo Burning Studio 11 နဲ့ Nero 8 Essential ဆော့ဝဲလ်တွေကို အသုံးပြုပြီး လုပ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီ Burning Tool တွေကို ဒေါင်းယူလိုက်ပါဗျာ..

Mozilla Firefox နဲ့ You Tube ကသီချင်းတွေကို ဒေါင်းလော့ချနည်း

 

Mozilla နဲ့ Youtube သီချင်းတွေကို ဒေါင်းလော့ချချင်ရင်တော့ ဒီနည်းလေးကလည်း အဆင်ပြေပါတယ်...။ မိုဇီလာမှာ အင်တာနက်ဒေါင်းလော့မန်နေဂျာ အလုပ်မလုပ်တော့ဘူးဆိုရင် ဒီနည်းကို သုံးကြပါတယ်...။ အရင်ဆုံး မိုဇီလာမှာ Video DownloadHelper Add-on လေးကိုထည့်ပါမယ်..။ လုပ်နည်းလေးကလည်း လွယ်ပါတယ်..။ မိမိတို့ရဲ့ မိုဇီလာမှာ Add-ons မရှိသေးရင်တော့ ဒီနေရာမှာ ယူထားလိုက်ပါ..။  Add-ons ထည့်နည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ.. ဆက်ကြည့်လိုက်ပါဗျာ..

You Tube မှသီချင်းများ (သို့) DVD ခွေမှသီချင်းများ Hand Phone ထဲသို့ ထည့်နည်း


(Computer နှင့် Phone ဂျွိုင်းရန် Bluetooth (or) Card Reader ရှိဖို့လိုပါတယ်..)
ကျနော်ဒီပိုစ့်လေးကို တင်ပေးချင်နေတာ တော်တော်ကြာပြီဗျ.. အခုတလော Connection ကလည်းသိပ်မကောင်း၊ ဒီ Format Factory ဆော့ဝဲကိုလည်း လိုင်းပေါ်မှာ ပြန်ရှာမရ ဖြစ်နေတာနဲ့ ကြာသွားပါတယ်..။ အခုတလော ထုတ်ပြန်လိုက်တဲ့ အွန်လိုင်းပေါ်လစီ သစ်ကြောင့်ထင်ပါတယ်.. အရင်ဒေါင်းလို့ ရတဲ့ ဖရီးဆော့ဝဲအားလုံး တခုမှ ရှာဒေါင်းလို့မရတော့ဘူး..။ ဒါနဲ့ ကျနော့်မှာရှိပြီးသား ဆော့ဝဲလ်တွေထဲက ပြန်ရှာရတာပေါ့.. တော်သေးတယ် ပြန်တွေ့လို့.. အခုတော့ မရှိသေးတဲ့သူများလည်း သုံးလို့ရအောင်၊ Upload တင်ပြီး ဒေါင်းလော့ချလို့ရမယ့် လင့်လေးတွေပြန်ရှယ်ပေးလိုက်ပါတယ်..။
ပေါတေးဘဲယ်နဲ့ အင်စတောဆွဲရမယ့်ဆော့ဝဲလ် နှစ်ခု ... နှစ်ခုစလုံးယူထားလိုက်ရင် ပိုအဆင်ပြေပါတယ်..။ ပေါတေးဘဲယ် လေးတွေကတော့ ဘယ်နားသွားသွား သယ်ရလွယ်လို့ အဆင်ပြေပါတယ်..။ နောက်ဆို အင်တာနက်ဆိုင်မှာ သုံးတဲ့လူများအတွက် အဆင်ပြေအောင် ပေါတေးဘဲလ် လေးတွေပဲ စုပြီး တင်ပေးပါအုန်းမယ်...။ USB 4GB နဲ့ အားလုံးသယ်လို့ ရအောင်လေ..။
အရင်တုန်းက ကျနော်တို့ဆီမှာ သီချင်းတွေဖုန်းထဲထည့်ချင်ရင် သီချင်းသုံးပုဒ်ကို မလေးငွေ တစ်ဆယ်ပေးရတယ်..။ နောက်တော့ ငါးပုဒ်တစ်ဆယ်..။ ကျနော်သူငယ်ချင်းတွေလည်း ခဏခဏ သွားသွားထည့်တယ်..။ အဲချိန်ကဒီနည်းလေးကို မသိသေးဘူး..။ အခုသိတဲ့အချိန်ကျတော့ ပိုက်ဆံတွေ နှမျောဖို့ကောင်းတယ်..။ သူတို့ထည့်တာ သီချင်းအပုဒ်ရေ ရာနဲ့ချီပြီးရှိတယ်..။ ကျနော်ကတော့ သူတို့ဆီက အလကားပြန်ကူးတာပါ..။ အခုတော့ ဒီနည်းလေးကို ကျနော်သင်ပေးလိုက်လို့ သူတို့လည်းတတ်နေပါပြီ..။ ကျနော့်ဆိုဒ်လေးမှာလည်း ဒီနည်းလေးကို တင်ပေးချင်နေတာ .. အခုမှပဲ တင်ဖြစ်တော့တယ်..
Converter ဆော့ဝဲလ်တွေ အများကြီးရှိပေမယ့်.. ကျနော်သုံးနေကျ ဒီဆော့ဝဲလ်လေးကိုပဲ သဘောကျတယ်ဗျ..။ ဒါကြောင့် ဒါလေးကိုပဲ ၊ ဒါလေးနဲ့ပဲ ပြန်ရှယ်ပေးလိုက်ပါတယ်..။ ဒီဆော့ဝဲလ် မရှိသေးတဲ့သူများကတော့ ဒီနေရာမှာ(ပေါတေးဘဲလ်)ဒီနေရာမှာ(အင်စတောဆော့ဝဲလ်) ယူထားလိုက်ပါဗျာ...။

Photoshop ဖြင့် ပါတ်စပို့ပုံရှစ်ပုံ ဖန်တီးခြင်း


ဒီနည်းလေးကို ကျနော်သဘောကျလို့ တင်ပေးလိုက်တာပါ..။ အရင်တုန်းက ဝဘ်ဆိုဒ်တစ်ခုမှာ ဒီလိုပါတ်စပို့ပုံ လုပ်နည်းလေး ရှိခဲ့ဖူးပါတယ်..။ အခုအဲဒီဆိုဒ်က ပြန်ပြင်နေတာ အတော်ကြာနေပါပြီ..။ ဒီနည်းလေးကိုလည်း ကျနော်ဒီစာရေးတဲ့အချိန်ထိ အဲဒီဆိုဒ်မှာ ပြန်ရှာလို့ မတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနည်းလေးကို ကျနော်နားလည်သလို ပြန်ပြီးရှင်းပြရင်းနဲ့ တန်ဖိုးရှိတဲ့ နည်းလမ်းလေးတွေ ပျောက်ကွယ်မသွားအောင် ကျနော့်ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းတော့ နည်းနည်းရှုပ်ပါတယ်..။ တဆင့်ချင်းစီ ကြည့်သွားလိုက်ရင်တော့ တတ်သွားမှာပါ..။
ဒီမှာတော့ ဝင်းဒိုးထဲမှာပါတဲ့ ပုံလေးနဲ့ပဲ ပြပေးလိုက်ပါတယ်..။ တတ်အောင်သင်တဲ့ အနေနဲ့ ဘယ်ပုံနဲ့စမ်စမ်း အဆင်ပြေပါတယ်..။ တကယ်လုပ်တတ်သွားပြီ ဆိုတော့မှ မိမိတို့ရဲ့ ပုံလေးတွေနဲ့ လုပ်ကြည့်ရင်လည်း ရပါတယ်..။ ကဲစလိုက်ရအောင်

Sunday, July 7, 2013