zawgyi one & unicode

Monday, November 4, 2013

1G,2G, 3G, 4G ဆက်သွယ်ရေးနစ် နှိုင်းယှဉ်ခြင်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9fgj18w7FFzvSjKfHb-xUU3OyWK8dZuh55LPCUZZMHfWoVhLpea_-yXiUya1L2qXkT_9m1Oh6Ccg7Gj5MmlAq6sJijAR5sCEgSF8B3AT8tyZe8mUoP_1vbCXVcyP0MrIALSrTsjm-EL21/s1600/1011155_462995597125407_2037154709_n.png


အကြမ်းဖျဉ်း ရှင်းပြရုံလေးပါ။ အသေးစိတ်ကိုတော့ Wireless Communication နည်းပညာစာအုပ်တွေ မှာ အကျယ်တစ်ဝင့် ရှင်းလင်း ထားပါတယ်။ ယခုက သာမန်လူတစ်ယောက်အနေနဲ့ အခြေခံအားဖြင့် သိရှိရန် ရေးသားမျှဝေ လိုက်ရ ပါတယ်။ ... 1G - အသံပဲ ပို့နိုင့်၊ရောက်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တစ်ချိန်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue Signal သုံးတဲ့ ဆယ်လူလာဖြစ်ပြီး လိုင်း က ပြတ်တောင်းပြတ်တောင်း ဖြစ် ပါတယ်။ 2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့်ရောက်သွား ပါပြီ။ 


လက်ရှိ မြန်မာပြည်က ဆက်သွယ်ရေး စနစ်မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ GSM, CDMA, TDMA တို့ ဖြစ်ပါတယ်။ 2.5G - 2G ကို အဆင့်အနည်းငယ် မြင့်လိုက်တာပါ။ ဒီတော့ Data Rate ပိုမြင့်လာတာ ထူးခြားသွားပါတယ်။ 3G - သူကတော့ အသံလည်းရ၊ အချက်အလက်လည်းရ၊ ဗီဒီယို signal ပါပို့လို့ရတဲ့ ဆက်သွယ်ရေး စနစ်ပါ။ အင်တာနက် ပါ အသုံးပြုလို့ ရပါတယ်။ လက်ရှိ ကမ္ဘာမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲပါ။ 3G, W-CDMA တို့လို ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။ 4G - 3G ထက်ပိုအဆင့်မြင့်သွားပါပြီ။ LTE လို့ ဥရောပမှာ ခေါ်ဆိုပေမယ့် 4G နဲ့ LTE မှာကွဲပြားမှု အနည်းငယ် ရှိပါတယ်။ သို့ပေမယ့် တူတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။ 

Link fra ...... http://knowledge-myozawlin.blogspot.no/2013/06/1g2g-3g-4g.html

No comments:

Post a Comment