
အင်တာနက်အသုံးပြုတဲ့ပုဂ္ဂိုလ်တိုင်းတွေ့ကြုံရတတ်တဲ့ပြဿနာတစ်ခုကတော့ မိမိအသုံးပြုနေတဲ့ဘရောက်စ်တွင် မလိုအပ်
သော ကြော်ငြာ (Advertising Page) စာမျက်နှာအလိုလျှောက်ပွင့်လာခြင်းဖြစ်ပါတယ်။ အဲဒါက Pop-up Ads လို့လဲခေါ်
ပါတယ်။ ဒီ Pop-up Ads စာမျက်နှာတွေပွင့်လာသောအားဖြင့် အကျိုးသက်ရောက်မှုတွေကတော့ အင်တာနက်ပေါ်မှ
Malaware, Adware လို့ခေါ်တဲ့ ဗိုင်းရပ်စ်တွေဟာ မိမိစက်ကိုလာရောက်နှောင့်ယှက်နိုင်တဲ့ပြဿနာလို့သဘောပေါက်ရမှာ
ဖြစ်ပါတယ်။
နောက်ပြီးမိမိစက်ကလေးလံနေခြင်း၊ ဘရောက်စာများခဏခဏဂျန်းဖြစ်နေခြင်းစသည်တို့လည်း ကြုံရမှာဖြစ်ပါတယ်။
အထက်ပါဗိုင်းရပ်စ်ရဲ့လက္ခဏာများမှာ...
၁။ မလိုအပ်ဘဲ မိမိကွန်ပျူတာတွင် အလိုအလျှောက် ၀င်ရောက်လာခြင်း
၂။ တစ်ခုထက်ပိုသော application များ အလိုအလျှောက်ထည့်သွင်းခြင်း
၃။ မိမိ application (ဘရောက်စာ) အသုံးပြုနေစဉ်အတွင်း ကြော်ငြာ (Pop-up Ads) စာမျက်နှာပွင့်လာခြင်း
၎။ တစ်ခုထက်ပိုသော Pop-up Ads ကြော်ငြာစာမျက်နှာများ ပွင့်လာခြင်း
၅။ အင်တာနက်အသုံးပြုနေစဉ်အတွင်း မလိုအပ်ဘဲ ဒေတာများဒေါင်းလုဒ်စေခြင်းနှင့် အခြား အသုံးသူများထံပို့ပေးခြင်း
၆။ ထိုပရိုဂရမ်၊ ဒေတာများကို Uninstall လုပ်ရန်ခက်ခဲခြင်း တို့ဖြစ်ပါတယ်။