zawgyi one & unicode

Thursday, June 26, 2014

Window Laptop နှ​င့် ကျွန်ုပ်။

လိုအပ်သဖြင့် Acer Laptop တစ်လုံး ဝယ်ဖြစ်သည်။ လိုအပ်သည်များ မိမိ ကွန်ပြူ တာ အသစ်တွင်ထည့်သွင်းဖြစ်ခဲ့သည်။ နက်ပေါ်တွင် မိမိကွန်ပြူ တာနှင့်သင့်တော်မည့် လိုအပ်သည်များကို ရှာဖွေရသည်မှာ မလွယ်လှ အချိန်စားသည်၊ ခေါင်းရှုပ်သည်။ ထို့ကြောင့် Window 64-bit တွင် မိမိထည့်သွင်းခဲ့သည်များကို နောက်တစ်ကြိမ်လွယ်ကူစွာ ရှာဖွေနိုင်ရန်နှင့် မိမိနှင့်တိုက်ဆိုင်၍လိုအပ်သူများ ရှိခဲ့သော် လွယ်ကူစေရန် ရည်ရွယ်သည်။

Winrar           အတွက် http://www.rarlab.com/

အကယ်၍များ Mozilla Firefox browser အသုံးပြုခဲ့မယ်ဆိုရင် မြန်မာဖောင့်ပေါ်ဖို့အတွက် Adds-on မှာ ထည့်ဖို့ zawgyi မှ unicode ပြောင်းဖို့၊ Myanmar Converter 0.4.2 (or) Kain Na Yi Plug-in (or) Myanmar Font Togger 2.0.2 တွေကို Firefox browser မှာထည့်သုံးကြည့်ပါ။ ကျွန်တော့်အနေနဲ့ စမ်းကြည့်ပါတယ်၊ မသုံးဖြစ်ပါ။

ကျန်သည့် Adobe reader, flash တို့လို Java တို့လိုမျိုးကတော့ ရှာဖွေလွယ်သဖြင့် မရေးတော့ပါ။ 
ပြောလိုသည်က ကျွန်တော်အသုံးပြုမည့် font သည် norwegian font ဖြစ်နေသဖြင့်၊ နော်ဝေ လက်ကွက်နှင့် မြန်မာဖောင့် မှန်ဖို့ပြု လုပ်ရမှာ တော်တော်လေးတော့ ကြိုးစားထည့်ရနိုင်သည်။ သို့သော် လှည့်ပတ်ကြိုးစားရင်း အဆင်ပြေမည်/သည်။

နောက်ဆုံး မြန်မာဖောင့်သို့ပြောင်းရင်း လွဲမှားသွားတတ်သည်က restart ပြန်လုပ်သည့်အချိန်တွင် အင်္ဂလိပ် လိုဖောင့်မပေါ်တော့ပဲ မြန်မာဖောင့်လိုမျိုးဖြစ်သွားတတ်သည်။ အဲလိုဆိုလျှင်တော့ အဲဒီ ကိုယ်ခံထားတဲ့ password ကို ပြန်ရိုက်ဝင်ဖို့ အင်္ဂလိပ်ဖောင့် မရှိသည့်အတွက်ခက်သွားပြီ။

အဲဒီလို ကြုံခဲ့သူများရှိပါက Window အသစ်ပြန်လုပ်ရဖို့သေချာသလောက်ရှိသွားပြီဖြစ်လို့ Ctrl+Restart နဲ့ပြန်ဖြေရှင်းလိုက်ပါက လုံးဝ အဆင်ပြေသွားပါလိမ့်မည်။

                                                             မသိသေးသူများအတွက်သာ ရည်ရွယ်ပါသည်။
                                                             အားလုံးကို အစဉ်လေးစားလျှက်။


No comments:

Post a Comment