zawgyi one & unicode

Friday, June 27, 2014

မြန်မာတွေအတွက် ဖိုင်တွေရှယ်နိုင်မယ့် downloadmm

ဒီနေ့ မနက် Facebook ဖွင့်မိတော့ မြန်မာမိုဘိုင်းက ကိုသက်နိုင်စိုး ရဲ့ File တွေကို Upload/Download တင်နိုင်မယ့် ဆိုဒ်တစ်ခုကို မြန်မာတွေအတွက် သူကိုယ်တိုင်တည်ဆောက်ပြီး မျှဝေထားတာတွေ့မိတယ်။ ဒါနဲ့ အစမ်းသဘောနဲ့ ကျွန်တော် ယ္ခုသုံးနေတဲ့စက်မှာလိုအပ်တာတွေအတွက် ဒေါင်းထားသည်များကို ပြန်တင်ကြည့်ဖြစ်တယ်။

Thursday, June 26, 2014

Window Laptop နှ​င့် ကျွန်ုပ်။

လိုအပ်သဖြင့် Acer Laptop တစ်လုံး ဝယ်ဖြစ်သည်။ လိုအပ်သည်များ မိမိ ကွန်ပြူ တာ အသစ်တွင်ထည့်သွင်းဖြစ်ခဲ့သည်။ နက်ပေါ်တွင် မိမိကွန်ပြူ တာနှင့်သင့်တော်မည့် လိုအပ်သည်များကို ရှာဖွေရသည်မှာ မလွယ်လှ အချိန်စားသည်၊ ခေါင်းရှုပ်သည်။ ထို့ကြောင့် Window 64-bit တွင် မိမိထည့်သွင်းခဲ့သည်များကို နောက်တစ်ကြိမ်လွယ်ကူစွာ ရှာဖွေနိုင်ရန်နှင့် မိမိနှင့်တိုက်ဆိုင်၍လိုအပ်သူများ ရှိခဲ့သော် လွယ်ကူစေရန် ရည်ရွယ်သည်။

Monday, June 9, 2014

Notepad ကို Save တဲ့အခါ မြန်မာလို မပေါ်ဘူးဆိုရင်


Notepad ကို Save တဲ့အခါ မြန်မာလို မပေါ်ဘူးဆိုရင်

ဒီပို့စ်လေးကိုတော့ မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် .. လုပ်တက်သွားရင်တော့ လွယ်တယ်လို့ ထင်ရပေမယ့် မသိသေးရင်တော့ တော်တော် ရွာပတ်ပါတယ် .. ဘာပဲပြောပြော ဒီကောင်လေးကို လိုအပ်ပါတယ် .. ကျွန်တော်တို့ မှတ်ထားချင်တာလေး တွေကို အလွယ်ရေးပြီး မှတ်ချင်တဲ့ အခါမှာ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့် ပြီးရင် Run Box ထဲမှာ notepad လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ Notepad ထဲမှာ အလွယ်တကူ မှတ်သား တက်ကြပါတယ် .. ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့  Notepad မှာ Zawgyi-One Font ကိုမပြောင်း ပေးဘူးဆိုရင်လည်း မြန်မာလို ပေါ်မှာမဟုတ်သလို Save တဲ့အခါမှာလည်း Unicode ကိုပြောင်းပြီး မ Save ဘူးဆိုရင်လည်း Save တဲ့အခါမှာ မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး .. ဒါကြောင့် Notepad ကိုအသုံးပြု တဲ့အခါမှာ အခက်အခဲ ဖြစ်နေသူတွေ အတွက် ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် .. 

Windows 7 ကို ကိုယ်တိုင်တင်ကြရအောင်