zawgyi one & unicode

Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Wednesday, July 16, 2014

EQ နဲ့ IQ အကြောင်း ( ဒေါက်တာအောင်မျိုး - ကင်ဆာအထူးကု ဆရာဝန်ကြီး )



ကျနော်တို့ ငယ် ငယ် က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စားတာ မှတ်မိသေးတယ်။ I.Q ဆို တာ Intelligent Quotient ဥာဏ် ရည် ကို တိုင်းတာ တဲ့ အညွှန်းကိန်း ပေါ့။ I.Q မြင့်ရင် ဥာဏ် ကောင်းတယ်ပေါ့ ..စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူဆို ရင် I.Q မြင့် တယ်တယ်လို့ ပြောကြတယ်။ လွန် ခဲ့ တဲ့ ၁၀ နှစ်။၁၅ နှစ် လောက် က စပြီး E.Q ဆို တာ ခေတ်စားလာ တယ်။E.Q ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ် ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ် ရင့် ကျက်မှု အညွန်းကိန်းပေါ့။ ဘာလို့ လဲ ဆို တော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊E.Q ရော တိုင်းကြည့် တဲ့ အခါ I.Q မြင့် တဲ့ သူတွေ ထက် E.Q မြင့်တဲ့သူတွေ ဟာ ဘ၀မှာ ပို အောင်မြင် တာ တွေ့ ရတယ်။ ဆို လို တာ က ဘ၀မှာ အောင်မြင် ဖို့ ဆို ရင် ဥာဏ် ကောင်းဖို့ ထက် စိတ် ဓါတ် ရင့် ကျက်၊ခိုင်မာ မှု က ပို အရေး ကြီးတယ် ဆို တဲ့ သဘောပေါ့ ။

Monday, July 7, 2014

Website တွေကိုတွက်ချက်ဖို့ Website Calculator

မိမိတို့ကြည့်ရှုနေတဲ့ website ၊ မိမိတို့ရဲ့ကိုယ်ပိုင်ပြုလုပ်ထားတဲ့ website တွေရဲ့တန်ဖိုး နဲ့ လူဝင်နှုန်းဘယ်လောက်ရှိတယ်ဆိုတာကို အသေးစိတ်တွက်ချက်သိရှိလိုတယ်ဆိုရင်တော့ http://www.worthofweb.com/calculator မှာဝင်ပြီး တွက်ချက်နိင်ပါတယ်။ Text Box ထဲမှာ website လိပ်စာရိုက်ထည့်ပြီး Calculate ကိုနှိပ်လိုက်ရုံပါပဲ။ အောက်ကပုံများမှာလည်း example ပြထားပါတယ်။ Website ကိုနေ့စဉ် ၊ တစ်လချင်းလူဝင်နှုန်း ၊ Daily/Total PageView စတာတွေကိုအခြေခံပြီးတွက်ချက်ပေးတာဖြစ်တာကြောင့် ယခု website ကအဖြေထုတ်ပေးမယ့် Website ရဲ့ တန်ဖိုးနဲ့ လူဝင်နှုန်း data တွေဟာ ၉၀ ရာခိုင်နှုန်းခန့်မှန်ကန်တယ်လို့ဆိုနိုင်ပါတယ်။ Website တစ်ခုချင်းစီရဲ့ Traffic Analysis နဲ့ Value ကိုတွက်ချက်လိုသူများအနေနဲ့ http://www.worthofweb.com/calculator မှာတွက်ချက်ကြည့်နိုင်ကြောင်း ဗဟုသုတအနေနဲ့တင်ပြပေးလိုက်ပါတယ်။

Credit: Thet Naing Soe

Saturday, February 1, 2014

ကွန်ပြူတာ RAM ရှင်းလင်းချက်

အခြေခံ သိသင့်တဲ့ ဗဟုသုတလေးပါ။ မေးလာသူ ရှိလို့ မသိသူများ အလွယ်ကူဆုံး နားလည်အောင် ရှင်းပြလိုက်ရ ပါတယ်။ RAM ဆိုတာ ၁၀ တန်းတုန်းက သင်ရတဲ့ စာအတိုင်း ပြောရရင် Read and Write ရတဲ့ Memory လို့လွယ်လွယ်မှတ်ယူနိုင်ပါတယ်။ ရေးလို့လည်းရ၊ ဖတ်လို့လည်းရဆိုတော့ အဲ့ RAM အပြားအချပ်က စာအုပ်တစ်အုပ်များလား လို့ အဲ့တုန်းကတည်းက ကလေးတွေးနဲ့ တွေးဖူး ပါတယ်။ ဒီလိုရှိပါတယ် -
RAM ဆိုတာ


Monday, November 4, 2013

1G,2G, 3G, 4G ဆက်သွယ်ရေးနစ် နှိုင်းယှဉ်ခြင်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9fgj18w7FFzvSjKfHb-xUU3OyWK8dZuh55LPCUZZMHfWoVhLpea_-yXiUya1L2qXkT_9m1Oh6Ccg7Gj5MmlAq6sJijAR5sCEgSF8B3AT8tyZe8mUoP_1vbCXVcyP0MrIALSrTsjm-EL21/s1600/1011155_462995597125407_2037154709_n.png


အကြမ်းဖျဉ်း ရှင်းပြရုံလေးပါ။ အသေးစိတ်ကိုတော့ Wireless Communication နည်းပညာစာအုပ်တွေ မှာ အကျယ်တစ်ဝင့် ရှင်းလင်း ထားပါတယ်။ ယခုက သာမန်လူတစ်ယောက်အနေနဲ့ အခြေခံအားဖြင့် သိရှိရန် ရေးသားမျှဝေ လိုက်ရ ပါတယ်။ ... 1G - အသံပဲ ပို့နိုင့်၊ရောက်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တစ်ချိန်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue Signal သုံးတဲ့ ဆယ်လူလာဖြစ်ပြီး လိုင်း က ပြတ်တောင်းပြတ်တောင်း ဖြစ် ပါတယ်။ 2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့်ရောက်သွား ပါပြီ။