ယ္ခု.. နော်ဝေ နိုင်ငံတွင်နေထိုင်စဉ် ကျွန်ုပ်၏ ၁ လ ဝင်ငွေသည် နော်ဝေ ခရူနာ ၆၀၀၀ ဖြစ်သည်။ တစ်ရက်လျှင် အချိန် ၈ နာရီ အလုပ်လုပ်သည်။တွက်ကြည့်သော် ... ၁ ရက် ၃၀၀ ခရူနာ၊ ၁ နာရီ ၃၇.၅ ခရူနာဖြစ်ပေသည်။ အမှန် နော်ဝေနိုင်ငံတွင် အလုပ်ချိန် ၁ နာရီ လုပ်အားခမှာ ခန့်မှန်းချေ ၁၅၀ အထိတော့ ရနိုင်သည်။ ( အခွန်မဖြတ်ရသေး)။
ယ္ခုကျွန်ုပ်လုပ်နေသည်မှာ အမြဲတမ်းနေရာ မဟုတ်သည့်အတွက် အဲဒီလောက်အနည်းငယ်သာ ရရှိခြင်းဖြစ်သည်။ ( Individuell Program ) ဟု နော်ဝေ လိုခေါ်ပေသည်။ နည်းပေသော်လည်း စားသောက် နေထိုင်၍တော့ လောက်ငှပါပေသည်။ ကျွန်တော်တို့ အိမ်တွင်နေထိုင်သော မိသားစု တစ်စုလုံး၏ ဝင်ငွေကို ကြည့်၍ တိုင်းတာခြင်းဖြစ်သည်။ အမှန်တကယ် လိုအပ်လျှင် သွားလျှောက်၍ ရပါသည်။
ကျွန်ုပ် ယခုသွားနေသော Individuell အစီစဉ်မှာ ဝင်ငွေအနည်းဆုံးသာဖြစ်ပါသည်။ အခြားအချိန်ပိုင်းအလုပ် တစ်ခုနှင့်တွဲလုပ်နိုင်ပါက ပိုမို၍ဝင်ငွေ ရရှိနိုင်ပါသည်။ သည်လို အချိန်ပိုင်း အလုပ်လျှောက်ဖို့ဆိုသည်ကလဲ လုပ်နိုင်သည်ထားအုံး (ကားလိုင်စင်+ကား) ရှိဖို့ကလဲ လိုပါသေးသည်။ နော်ဝေနိုင်ငံတွင် ကားလိုင်စင်ရရှိဖို့ကလဲ အခရာ ကျပါသည်။ ကိုယ်သွားချင်သည့်နေရာအား အချိန်နှင့်တပြေးညီသွားနိုင်ဖို့က Oslo မြို့တွင်းလို ကားလိုင်း၊ ရထားလိုင်း မပေါများသော ကျွန်တော်နေထိုင်ရာ နယ်မြို့လေးအဖို့ အင်မတန် အရေးပါလှပါသည်။
ဆက်ပါအုံးမည်။
zawgyi one & unicode
Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts
Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts
Tuesday, June 11, 2013
Monday, March 18, 2013
ကျွန်ုပ် ဖခင်ဆုံးသွားတာ မနက်ဖြန်ဆို ၁၀နှစ် ပြည့်ပြီ။
မနက်ဖြန် ၁၉ ရက်နေ့ ကျွန်ုပ် ဖခင် ဆုံးသွားတာ ၁၀ နှစ်တင်းတင်းပြည့်တဲ့နေ့ပေါ့။ ကျွန်တော့်အပါး မဆုံးခင် အခုလို မတ်လမှာ ကျွန်တော်နဲ့အတူ ညီ၊ညီမ ပေါင်း ၃ယောက် အဲဒီ ၂၀၀၃ ခုနှစ်မှာ ၁၀ တန်း စာမေးပွဲ တစ်ပြိုင်နက်ဝင်ဖြေကြတယ်။ ကျွန်တော်တို့ မောင်နှမ ၃ ယောက် ၁၀တန်းဖြေဆိုနေချိန်အတွင်းမှာပဲ အပါးဆုံးပါးသွားတယ်။ သူဆုံးတော့ အသက် ၇၁ နှစ်။ ကျွန်တော်တို့ ညီ အစ်ကို မောင်နှမ လေးယောက်နဲ့မိခင်ကြီး၊ မိသားစု ၅ ယောက်ပဲကျန်တာပေါ့။
Subscribe to:
Posts (Atom)