zawgyi one & unicode
Showing posts with label IT. Show all posts
Showing posts with label IT. Show all posts
Wednesday, July 2, 2014
Remove Pop-up Ads from Internet Explorer, Firefox and Chrome
အင်တာနက်အသုံးပြုတဲ့ပုဂ္ဂိုလ်တိုင်းတွေ့ကြုံရတတ်တဲ့ပြဿနာတစ်ခုကတော့ မိမိအသုံးပြုနေတဲ့ဘရောက်စ်တွင် မလိုအပ်
သော ကြော်ငြာ (Advertising Page) စာမျက်နှာအလိုလျှောက်ပွင့်လာခြင်းဖြစ်ပါတယ်။ အဲဒါက Pop-up Ads လို့လဲခေါ်
ပါတယ်။ ဒီ Pop-up Ads စာမျက်နှာတွေပွင့်လာသောအားဖြင့် အကျိုးသက်ရောက်မှုတွေကတော့ အင်တာနက်ပေါ်မှ
Malaware, Adware လို့ခေါ်တဲ့ ဗိုင်းရပ်စ်တွေဟာ မိမိစက်ကိုလာရောက်နှောင့်ယှက်နိုင်တဲ့ပြဿနာလို့သဘောပေါက်ရမှာ
ဖြစ်ပါတယ်။
နောက်ပြီးမိမိစက်ကလေးလံနေခြင်း၊ ဘရောက်စာများခဏခဏဂျန်းဖြစ်နေခြင်းစသည်တို့လည်း ကြုံရမှာဖြစ်ပါတယ်။
အထက်ပါဗိုင်းရပ်စ်ရဲ့လက္ခဏာများမှာ...
၁။ မလိုအပ်ဘဲ မိမိကွန်ပျူတာတွင် အလိုအလျှောက် ၀င်ရောက်လာခြင်း
၂။ တစ်ခုထက်ပိုသော application များ အလိုအလျှောက်ထည့်သွင်းခြင်း
၃။ မိမိ application (ဘရောက်စာ) အသုံးပြုနေစဉ်အတွင်း ကြော်ငြာ (Pop-up Ads) စာမျက်နှာပွင့်လာခြင်း
၎။ တစ်ခုထက်ပိုသော Pop-up Ads ကြော်ငြာစာမျက်နှာများ ပွင့်လာခြင်း
၅။ အင်တာနက်အသုံးပြုနေစဉ်အတွင်း မလိုအပ်ဘဲ ဒေတာများဒေါင်းလုဒ်စေခြင်းနှင့် အခြား အသုံးသူများထံပို့ပေးခြင်း
၆။ ထိုပရိုဂရမ်၊ ဒေတာများကို Uninstall လုပ်ရန်ခက်ခဲခြင်း တို့ဖြစ်ပါတယ်။
Friday, June 27, 2014
မြန်မာတွေအတွက် ဖိုင်တွေရှယ်နိုင်မယ့် downloadmm
ဒီနေ့ မနက် Facebook ဖွင့်မိတော့ မြန်မာမိုဘိုင်းက ကိုသက်နိုင်စိုး ရဲ့ File တွေကို Upload/Download တင်နိုင်မယ့် ဆိုဒ်တစ်ခုကို မြန်မာတွေအတွက် သူကိုယ်တိုင်တည်ဆောက်ပြီး မျှဝေထားတာတွေ့မိတယ်။ ဒါနဲ့ အစမ်းသဘောနဲ့ ကျွန်တော် ယ္ခုသုံးနေတဲ့စက်မှာလိုအပ်တာတွေအတွက် ဒေါင်းထားသည်များကို ပြန်တင်ကြည့်ဖြစ်တယ်။
Monday, June 9, 2014
Notepad ကို Save တဲ့အခါ မြန်မာလို မပေါ်ဘူးဆိုရင်
ဒီပို့စ်လေးကိုတော့
မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် .. လုပ်တက်သွားရင်တော့ လွယ်တယ်လို့
ထင်ရပေမယ့် မသိသေးရင်တော့ တော်တော် ရွာပတ်ပါတယ် .. ဘာပဲပြောပြော
ဒီကောင်လေးကို လိုအပ်ပါတယ် .. ကျွန်တော်တို့ မှတ်ထားချင်တာလေး တွေကို
အလွယ်ရေးပြီး မှတ်ချင်တဲ့ အခါမှာ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့် ပြီးရင် Run Box ထဲမှာ notepad လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ Notepad ထဲမှာ အလွယ်တကူ မှတ်သား တက်ကြပါတယ် .. ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ Notepad မှာ Zawgyi-One Font ကိုမပြောင်း ပေးဘူးဆိုရင်လည်း မြန်မာလို ပေါ်မှာမဟုတ်သလို Save တဲ့အခါမှာလည်း Unicode ကိုပြောင်းပြီး မ Save ဘူးဆိုရင်လည်း Save တဲ့အခါမှာ မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး .. ဒါကြောင့် Notepad ကိုအသုံးပြု တဲ့အခါမှာ အခက်အခဲ ဖြစ်နေသူတွေ အတွက် ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် ..
Saturday, February 1, 2014
ကွန်ပြူတာ RAM ရှင်းလင်းချက်
အခြေခံ သိသင့်တဲ့ ဗဟုသုတလေးပါ။ မေးလာသူ ရှိလို့ မသိသူများ အလွယ်ကူဆုံး နားလည်အောင် ရှင်းပြလိုက်ရ ပါတယ်။
RAM ဆိုတာ ၁၀ တန်းတုန်းက သင်ရတဲ့ စာအတိုင်း ပြောရရင် Read and Write
ရတဲ့ Memory လို့လွယ်လွယ်မှတ်ယူနိုင်ပါတယ်။ ရေးလို့လည်းရ၊
ဖတ်လို့လည်းရဆိုတော့ အဲ့ RAM အပြားအချပ်က စာအုပ်တစ်အုပ်များလား လို့
အဲ့တုန်းကတည်းက ကလေးတွေးနဲ့ တွေးဖူး ပါတယ်။ ဒီလိုရှိပါတယ် -
RAM ဆိုတာ
RAM ဆိုတာ
Monday, July 22, 2013
CCleaner v3.19 Software Free Download
CCleaner လေးကတော့ မိမိတို့ စက်ထဲက အမှိုက်တွေကို ရှင်းပေးတဲ့ နေရာမှာ
အတော်လေး ကောင်းပါတယ်.. လူသုံးများတဲ့ နာမည်ရှိတဲ့ ဆော့ဝဲလ်တခုပါပဲ..။
သုံးရတာလည်း လွယ်ပါတယ်.. သုံးနည်းကို အောက်မှာ ပုံလေးနဲ့ပါ ပြထားပါတယ်..
နောက်ပြီး ကျနော်တို့ နေ့စဉ်သုံးနေတဲ့ Browser တွေဖြစ်တဲ့ Mozilla တို့
Chrome တို့ အပြင် တခြား Browser တွေကိုပါ ဒီကောင်လေးက Support
လုပ်ပေးပါတယ်..။ ဒါကြောင့် အဲဒီ Browser တွေထဲမှာရှိနေတဲ့ မလိုအပ်တဲ့
အမှိုက်တွေကိုလည်း ရှင်းပေးတာဖြစ်တဲ့ အတွက် ဒီကောင်လေးကို နေ့စဉ်သုံးပေခြင်း
အားဖြင့် အင်တာနက်လိုင်း တက်တာကို မြန်ဆန်စေမှာ ဖြစ်ပါတယ်..။ မနေ့ကမှ
Update အသစ်ထွက်လာတာလေးကို တင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ
အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.7 MB
ရှိပါတယ်..။
TeamViewer Enterprise 7.0.14563 - မိသားစု၊ သူငယ်ချင်းတို့ရဲ့ Computer တွေကို Internet ကနေ လှမ်းပြီး ကြည့်ပေး၊ ပြင်ပေးရအောင်
15 Sep 12, 02:54 PM
aungminhtet: အကိုရေးကျေးဇူးပြုပြီး
ကျနော့်ကို နည်းပညာ၁ခုလောက် မျှဝေပေးပါအကို ကျနော်ကပြည်ပမှာပါ
အိမ်ကမိသားစုတွေက computer ကိုသိပ်နားမလည်းတော့ ဒီကနေ လှမ်းကြည့်ပေးချင်တာ
(ID.psw) သိပြီး (TeamViewer7) ကိုကောင်း၂သုံးမတတ်ဘူးဖြစ်
15 Sep 12, 02:58 PM
aungminhtet: အဲ့ဒါအကို့ကိုအကူညီတောင်းချင်လို့ပါ။
ကျေးဇူးပြုပြီးပုံနှင့်တကွ ရှင်းပြပေးပါနော်၊။အကိုကျန်းမားပါစေ၊
အောင်မြင်ပါစေ.. အောင်မင်းထက်(korea)
ဒီကောင်လေးကို
ကျနော်စမ်းနေတာ ၂ရက်၊၃ရက်လောက် ရှိသွားပြီ..။ အရင်ကသုံးမကြည့်ဖူးတော့
အခုမှ စမ်းသပ်နေရတာ..။ အတော်လေးအဆင်ပြေပါတယ်..။ သူ့အတွက် ဖူးသုံးလို့
ရအောင် လိုက်ရှာရင်း၊ စမ်းသုံးရင်းနဲ့ ကြာနေတာ..။ အခုတော့ ဒီကောင်လေးကို
ကျနော်သိသလောက်၊ သုံးကြည့်မိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်..။ အောက်မှာ
ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီိကောင်လေးအတွက် crack ဖိုင်လေး ၃ခု
ထည့်ပေးထားပါတယ်..။ crack သုံးခုစလုံးကို တပြိုင်ထဲ သူ့ရဲ့ ဖိုဒါလေးထဲမှာ
သွားပြီး ထည့်ပေးလိုက်ရင် Full သုံးလို့ ရသွားပါပြီ..။ crack ထည့်နည်းကို Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ Full ဖြစ်အောင်လုပ်နည်း
ပိုစ့်မှာပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်..။ မလုပ်တတ်သေးတဲ့သူများ
အဲဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ..။ ဒီထဲမှာပါတဲ့ crack ဖိုင်ကို
ထည့်ရမှာ အဲဒီနည်းနဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာ crack မရခင် Trial နဲ့
စမ်းသုံးထားတဲ့ ပုံလေးတွေနဲ့ crack ထည့်ပြီး ဖူးနဲ့ အသုံးပြုထားတဲ့
ပုံလေးတွေကိုပါ ဖေါ်ပြပေးထားပါတယ်..။ အသုံးပြုရတာ မခက်ပါဘူး.. Connection
ကျနေတဲ့ အချိန်ဆိုရင်တော့ နဲနဲနှေးတယ်..
ဖြည်းဖြည်းချင်း တဖက်ကစက်ကို တချက်ချင်း နှိပ်ရမှာပါ..။
Connection ကောင်းနေရင်တော့ မြန်ပါတယ်..။ ဒီကောင်လေးကို
လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့
8.3 MB ရှိပါတယ်..။
မှတ်ချက်။
။ဒီကောင်လေးကို အသုံးပြုပြီး ကျနော့်ကို Internet
ကနေကွန်ပျူတာ ပြင်ခိုင်းဖို့ မတောင်းဆိုကြပါနဲ့ဗျာ..။ အဲ့ဒါတွေ
လိုက်လုပ်ပေးနေရင် Blog မှာ စာရေးနိုင်မှာ မဟုတ်တော့ပါဘူး..။ ဒါကြောင့်
ဒီလို မတောင်းဆိုကြဖို့ ကြိုတင်အသိပေး တောင်းပန်အပ်ပါတယ်.. အားလုံးကို
ခင်မင်လေးစားလျှက်ပါဗျာ..
Subscribe to:
Posts (Atom)