ယနေ့တွင် ကျွန်ုပ်သည် လွန်ခဲ့သည့်ရက်ပိုင်းက အင်တာနက်တွင်သင့်တော်မည်ဟုထင်ထားသည့်ကားတစ်
စီးအား သွားကြည့်ဖြစ်သည်။ ကျွန်ုပ်နှင့်အတူ ဘာသာစကားကျွမ်းကျင်သူ၊ စက်ပိုင်းဆိုင်ရာနားလည်သူ၊ လိုက်ပါကူညီသူ စသည့်ဖြင့် ၅ ယောက်သွားကြည့်ကြသည်။
အင်တာနက်တွင်ရေးထားသည်များကို ဖတ်ကြည့်ကာ ဈေးနှုန်းနှင့် ပစ္စည်းသည် အင်မတန်မှ နှစ်လိုဖွယ်ရှိ
လှပါသည်။ အခြားသူများကိုလည်း အင်တာနက်ဝက်ဆိုဒ်မှမိမိနှစ်သက်သည့်ကားအား ပြကြည့်သည့်အခါ
တွင်လဲ ပစ္စည်းနှင့် ဈေးနှုန်းမှာ တန်သည်ဟု ပြောကြပါသည်။ သို့သော် လက်တွေ့စမ်းကြည့်မှ သိနိုင်မည်
ဟူ၍လဲ သူတို့ ကောင်းမွန်သောအကြံပေးကြပါသည်။
ဒီလိုနှင့် ကားကြည့်ဖို့ သွားဖြစ်ခဲ့ပါသည်။ ဟိုရောက်သောအခါတွင် ကားရောင်းသူမှ ကားစမ်းမောင်းကြည့်ဖို့
သော့ပေးပါသည်။ ကျွန်တော်တို့အထဲမှ စက်နားလည်သော ကားစမ်းမောင်းမည့် အကိုက ကားသော့ကိုယူ
၍ ကားစက် စနှိုးပါတော့သည်။ ကားစမ်းမောင်းသည့်အခါတွင် လိုက်ပါကြဖို့အတွက် ကားပေါ်တက်ခိုင်း
သည်နှင့်တပြိုင်နက် မဆိုင်းမတွ ကျွန်ုပ်သည် အိနြေ္ဒမဆည်နိုင်စွာ ကားရှေ့ခန်း ဝင်ထိုင်လိုက်ပါသည်။