zawgyi one & unicode

Wednesday, July 10, 2013

ကျွန်ုပ်နှင့် ကားဝယ်ယူခြင်း အတွေ့အကြုံမှတ်တမ်းကောင်း။

ယနေ့တွင် ကျွန်ုပ်သည် လွန်ခဲ့သည့်ရက်ပိုင်းက အင်တာနက်တွင်သင့်တော်မည်ဟုထင်ထားသည့်ကားတစ်
စီးအား သွားကြည့်ဖြစ်သည်။ ကျွန်ုပ်နှင့်အတူ ဘာသာစကားကျွမ်းကျင်သူ၊ စက်ပိုင်းဆိုင်ရာနားလည်သူ၊ လိုက်ပါကူညီသူ စသည့်ဖြင့် ၅ ယောက်သွားကြည့်ကြသည်။

အင်တာနက်တွင်ရေးထားသည်များကို ဖတ်ကြည့်ကာ ဈေးနှုန်းနှင့် ပစ္စည်းသည် အင်မတန်မှ နှစ်လိုဖွယ်ရှိ
လှပါသည်။ အခြားသူများကိုလည်း အင်တာနက်ဝက်ဆိုဒ်မှမိမိနှစ်သက်သည့်ကားအား ပြကြည့်သည့်အခါ
တွင်လဲ ပစ္စည်းနှင့် ဈေးနှုန်းမှာ တန်သည်ဟု ပြောကြပါသည်။ သို့သော် လက်တွေ့စမ်းကြည့်မှ သိနိုင်မည်
ဟူ၍လဲ သူတို့ ကောင်းမွန်သောအကြံပေးကြပါသည်။

ဒီလိုနှင့် ကားကြည့်ဖို့ သွားဖြစ်ခဲ့ပါသည်။ ဟိုရောက်သောအခါတွင် ကားရောင်းသူမှ ကားစမ်းမောင်းကြည့်ဖို့
သော့ပေးပါသည်။ ကျွန်တော်တို့အထဲမှ စက်နားလည်သော ကားစမ်းမောင်းမည့် အကိုက ကားသော့ကိုယူ
၍ ကားစက် စနှိုးပါတော့သည်။ ကားစမ်းမောင်းသည့်အခါတွင် လိုက်ပါကြဖို့အတွက် ကားပေါ်တက်ခိုင်း
သည်နှင့်တပြိုင်နက် မဆိုင်းမတွ ကျွန်ုပ်သည် အိနြေ္ဒမဆည်နိုင်စွာ ကားရှေ့ခန်း ဝင်ထိုင်လိုက်ပါသည်။

မိနစ်အနည်းငယ်ကြာသော် ကားမောင်းမည့် စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူမှ ကားပေါ်မှဆင်းကာ ကားရှေ့
စက်ဖုံး သွားဖွင့်သည်ကို ကျွန်ုပ် တွေ့ရပါသည်။ မိနစ်အနည်းငယ်ကြာသည်အထိ ကားထဲပြန်ဝင်မလာ
သဖြင့် ကားပိုင်ရှင်လောင်းဖြစ်မည့် ကျွန်ုပ်လဲ ကားပေါ်မှဆင်းကာ ဒီကားဘာဖြစ်သလဲပေါ့။ သွားစပ်စုဖြစ်
သည်။

အဲဒီမှာ စတွေ့ပါသည်။ ကားအင်ဂျင်စက်နှိုးထားပြီးဖြစ်သဖြင့် ကားအင်ဂျင်လည်ပါတ်နေမှုကို ကောင်း
ကောင်းကြားနေရပါပြီ၊ မြင်နေရပါပြီ။ သက်လုံမကောင်းသည့် အပြေးသမားတစ်ဦး ပမာနှယ်၊ ကားစက်
အင်ဂျင်မှာ ပုံမှန်မဟုတ်။ ကျွန်တော်တို့ စက်ဖုံးဖွင့်ဝိုင်းအုံကြည့်နေသူများအား  အင်ဂျင်စက်က လည်ချင် သလိုလို၊ မလည်ချင်သလိုလို လုပ်ပြနေပေပြီ။

ကျွန်တော်တို့ ကားဝယ်သွားသည့် သူ ၅ ဦးတွင် ၁ ဦးသာ ကားစက်နှင့်ပါတ်သတ်၍ ရေရေလည်လည်
နားလည်မည်ဟု ကျွန်ုပ်ထင်မိပါသည်။ သို့သော် ထိုနားလည်သူတစ်ဦးထက် ကျွန်ုပ်တို့ ၄ ဦးမှာ ခေါင်း
အရင်ခါ၍ မျက်ရိပ် မျက်ကဲ ပြနေကြသည်မှာ တကယ့် (professional) များကဲ့သို့ပင်။

ဤမျှဆိုလျှင် ကားစက်သံကို စာဖတ်သူအနေနှင့် သဘောပေါက် ကြားရောင်နေမည်ဟု ကျွန်ုပ်ထင်မိပါပြီ။
သို့နှင့် ကားစက်သံနားထောင်ပြီးကတည်းမှစ၍  မိမိစိတ်တွင်းမှ ဒီကားကြီးအားပိုင်ရှင်ဖြစ်လိုစိတ် လုံးဝ မရှိတော့ပါ။ ကျွန်ုပ်အား ကူညီပေးသည့်အကိုများကတော့ ဆက်လက်၍ ဈေးချပေးရန်
တိုက်ပွဲဝင်ကြည့်ကြပါသေးသည်။

တကယ်ဆိုရသော် အင်တာနက်တွင်သူတင်ရေးထားသည်မှာ ကားက တော်တော်လိုချင်စရာပင်။ သို့သော်
အပြင်မှာသွားကြည့်သည့်အခါတွင်လည်း အပြင်ပန်းမဆိုးပေမယ့်၊ ကားစက်လည်နေပုံကြည့်ရသည်မှာ စိတ်
ပျက်ဖွယ်အတိဖြစ်ပါကြောင်း .... ။ စာဖတ်သူ ပရိတ်သတ်အား လေးစားစွာ အသိပေးအပ်ပါသည်။

  • အင်တာနက်မှကြေငြာချက်ဖတ်ရုံနဲ့ ကောင်းသည်ဟု ယူဆ၍ မရခြင်း။
  • စက်၊စကား နားလည် ကျွမ်းကျင်သူများအား ကြည့်ရှု့စစ်ဆေးစေခြင်း။
  • ပစ္စည်းနှင့် တန်ဖိုးအား နားလည်သူများမှ တန်မတန် ကြိုတင်ခန့်မှန်းကြည့်စေခြင်း။
  • လက်တွေ့ စမ်းသပ်စေခြင်း။
သို့ဖြင့် သင့်တော် ကောင်းမွန်သော အသုံးပြုပြီးကားတစ်စီးအား စစ်ဆေးဝယ်ယူနိုင်မည်ဖြစ်သည်။

No comments:

Post a Comment