zawgyi one & unicode
Showing posts with label နိုင်ငံရေးအမြင်များ. Show all posts

Friday, August 16, 2013
Sunday, August 11, 2013
ဧရာဝတီကျော်မြင့်ရဲ့ လီကွမ်းယူ
ဝတ်မှုန် (၀န်ထမ်းဟောင်းတဦး)
သြဂုတ် ၁၁၊ ၂၀၁၃
The Voice , PERSPECTIVE Aug 5-11, 2013 မှာ ဧရာဝတီကျော်မြင့်ရဲ့ လီကွမ်းယူ၊ စင်ကာပူရဲ့ဖခင်ကြီးအကြောင်း ကို မြန်မာနိုင်ငံ လပ်စားမှုများနဲ့ယှဉ်ပြီး ရေးထားပါတယ်။ လပ်မစားဆုံးနိုင်ငံနဲ့၊ လပ်အစားဆုံးနိုင်ငံ၂ခုကို နှိုင်းယှဉ်တာတော့ လွန်လွန်းတာပေါ့..ဟုသာ ပြောချင်ပါတယ်။ တဆင့်ပြီးတဆင့် တက်ရသည့် လောကနိယာမတွင် ခုန်ပျံကျော်လွှားတက်ဖို့ ကြိုးစားနေသော မြန်မာ့ခေါင်းဆောင်များ၊ ဒုတိယမျိးဆက်သစ်ကို လေ့ကျင့်ပေးနေချိန်တွင် ခြစားမှုသည် နံပါတ်(၁)ဖြစ်ကြောင်း၊ လူများအကျင့်ပြောင်းလဲရေးဆိုသည်မှာ အခက်ခဲ ဆုံးဖြစ်ကြောင်း၊ ခုန်ပျံကျော်လွှားလုပ်ရခြင်းသည် မကောင်းပါ။ ငွေကုန်၊ခြစား၊ နောက်၎နှစ်ကြာမှ ဟာ..သွားပြီဟု သိလိုက်ရသော်လည်း နောက်ကြောင်းပြန်မလှည့်လိုသဖြင့် မျက်စိမှိတ်ထားလိုက်ရပေမည်။ တောင်ကိုးရီးယားတွင် နောက်ဆုံးသမ္မတ ဟောင်း ဇနီးသည်ခြစားမှုများ နောက်ကြောင်းတရားစွဲမှုများဖြင့် ဆူညံမှုများ၊ သမ္မတ ကိုယ့်ကိုယ်ကိုသတ်သေလိုက်မှ တိုင်းပြည်ငြိမ်ကျသွားလေသည်။ 2003 – 2008 Kim Young-sam.သမ္မတ၅နှစ်သက်တမ်းအပြီး၊ အနားယူချိန်တွင် လပ်စားမှုဖြင့်အရေးယူခံရကာ မိမိကိုယ်ကိုသတ်သေသွားသည်။ ရိုမင် ကက်သလစ် ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။
လက်တွေ့အရ
- အထပ်၅၀ တိုက်၊ ကွန်ဒိုကြီးတစ်ခုကို တစ်နှစ်အတွင်း ဆောက်နိုင်သည်။
- လေယဉ်ကွင်း၊ ရထားလမ်း၊ ဟိုက်ဝေးလမ်းကိုမူ ၅နှစ်၊၁၀နှစ် အချိန်ယူရမည်။
- စိတ်နေစိတ်ထားရန် (စစ်အာဏာရှင်မှဒီမိုကရေစီ) စိတ်ဓါတ်ပြောင်းရန် အနှစ်၂၀ အနည်းဆုံးအချိန်ယူရပေမည်။
ထိုဆောင်းပါးတွင် လီကွမ်းယူ ၀န်ကြီးချုပ်စတင်တာဝန်ယူရန်အတွက် ၁၉၆၅ခုနှစ်က တောင်းဆိုချက်၃ခုကို ပါလီမန်တွင်တင်ပြကြောင်း
၁။ လေအေးစက်အပြည့်တပ်ဆင်ထားသော နေအိမ်သစ်တစ်လုံး အသစ်ဆောက်ပေးရန်
၂။ ကားအသစ်ကောင်းကောင်း နှစ်စီးပေးရန်။ တစ်စီးကို သူစီးမည်၊ နောက်တစ်စီးကို သူ့မိသားစုစီးမည်။ ၃။ လစာငွေ ၂၀၀၀၀ (စင်ကာပူဒေါ်လာ ၂သောင်း) ပေးရန်တို့ဖြစ်သည်။

Monday, February 11, 2013
ဖော်မပါခရီး တစ်ကိုယ်တည်း
စင်္ကာပူနိုင်ငံ နာယကဝန်ကြီး မစ္စတာလီကွမ်ယု
ဖော်မပါခရီး တစ်ကိုယ်တည်း
ဘာသာပြန် ဆောင်းပါးရှင် - ဟိန်းလတ်
အိမ်ကို မည်သို့ ဆောက်မည်၊ စက်များကို မည်သို့ပြင်မည်၊ စာအုပ်မည်သို့ ရေးမည် ဆိုသည်ကို သင်ကြားပေးသည့် စာအုပ်များစွာ ရှိပါသည်။ သို့သော် တရုတ်၊ ဗြိတိသျှ၊ အိန္ဒိယ၊ ဒတ်ခ်ျ၊ အရှေ့အင်ဒီး(စ်)စသော တစ်ပြည်သူ တစ်ပြည်သားများ စုဝေးကျဲပြန့်နေသော နိုင်ငံတစ်ခုကို မည်သို့ တည်ဆောက်မည်၊ စီးပွားရေး ကစဥ့်ကလျား ဖြစ်နေသော ဒေသတစ်ခုတွင်းမှ ပြည်သူများအတွက် မည်သို့ အသက်ရှင်နေနိုင်ရန် လုပ်ပေးမည်ဆိုသော စာအုပ်မျိုးကို ကျွန်တော် တစ်ခါမျှမမြင်ဖူးပါ။

Subscribe to:
Posts (Atom)