zawgyi one & unicode
Tuesday, July 29, 2014
Windows အတ်တီဗိတ်တာ
ကျွန်တော့် Windows active ဖြစ်မနေတာ ကြာလှပေါ့၊ ဒီနေ့တော့ ကိုစောလင်းနက် share ထားတာတွေ့လို့ ယူပြီး active လုပ်လိုက်တယ်။ သူပြောထားသလိုပဲ လုပ်ရတာလွယ်တယ်။ ဘာအခက်အခက်မှ မရှိပဲနဲ့ ကျွန်တော့် Windows activated ဖြစ်သွားလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။ ဒီဆိုဒ်လင့်မှာ ယူပြီးသုံးနိုင်ပါတယ်။ Windows active
Wednesday, July 16, 2014
EQ နဲ့ IQ အကြောင်း ( ဒေါက်တာအောင်မျိုး - ကင်ဆာအထူးကု ဆရာဝန်ကြီး )
ကျနော်တို့ ငယ် ငယ် က I.Q ဆိုတဲ့
ဝေါဟာရ တော်တော် ခေတ်စားတာ မှတ်မိသေးတယ်။ I.Q ဆို တာ Intelligent Quotient
ဥာဏ် ရည် ကို တိုင်းတာ တဲ့ အညွှန်းကိန်း ပေါ့။ I.Q မြင့်ရင် ဥာဏ်
ကောင်းတယ်ပေါ့ ..စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူဆို ရင် I.Q မြင်
့တယ်တယ်လို့ ပြောကြတယ်။
လွန် ခဲ့ တဲ့ ၁၀ နှစ်။၁၅ နှစ် လောက် က စပြီး E.Q ဆို တာ ခေတ်စားလာ
တယ်။E.Q ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ်
ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ် ရင့် ကျက်မှု
အညွန်းကိန်းပေါ့။ ဘာလို့ လဲ ဆို တော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q
ရော၊E.Q ရော တိုင်းကြည့် တဲ့ အခါ I.Q မြင့် တဲ့ သူတွေ ထက် E.Q
မြင့်တဲ့သူတွေ ဟာ ဘ၀မှာ ပို အောင်မြင် တာ တွေ့ ရတယ်။ ဆို လို တာ က ဘ၀မှာ
အောင်မြင် ဖို့ ဆို ရင် ဥာဏ် ကောင်းဖို့ ထက် စိတ် ဓါတ် ရင်
့ကျက်၊ခိုင်မာ မှု က ပို အရေး ကြီးတယ် ဆို တဲ့ သဘောပေါ့ ။
Monday, July 7, 2014
Website တွေကိုတွက်ချက်ဖို့ Website Calculator
မိမိတို့ကြည့်ရှုနေတဲ့ website ၊ မိမိတို့ရဲ့ကိုယ်ပိုင်ပြုလုပ်ထားတဲ့
website တွေရဲ့တန်ဖိုး နဲ့ လူဝင်နှုန်းဘယ်လောက်ရှိတယ်ဆိုတာကို
အသေးစိတ်တွက်ချက်သိရှိလိုတယ်ဆိုရင်တော့ http://www.worthofweb.com/calculator
မှာဝင်ပြီး တွက်ချက်နိင်ပါတယ်။ Text Box ထဲမှာ website
လိပ်စာရိုက်ထည့်ပြီး Calculate ကိုနှိပ်လိုက်ရုံပါပဲ။ အောက်ကပုံများမှာလည်း
example ပြထားပါတယ်။ Website ကိုနေ့စဉ် ၊ တစ်လချင်းလူဝင်နှုန်း
၊ Daily/Total PageView စတာတွေကိုအခြေခံပြီးတွက်ချက်ပေးတာဖြစ်တာကြောင့်
ယခု website ကအဖြေထုတ်ပေးမယ့် Website ရဲ့ တန်ဖိုးနဲ့ လူဝင်နှုန်း data
တွေဟာ ၉၀ ရာခိုင်နှုန်းခန့်မှန်ကန်တယ်လို့ဆိုနိုင်ပါတယ်။ Website
တစ်ခုချင်းစီရဲ့ Traffic Analysis နဲ့ Value ကိုတွက်ချက်လိုသူများအနေနဲ့ http://www.worthofweb.com/calculator မှာတွက်ချက်ကြည့်နိုင်ကြောင်း ဗဟုသုတအနေနဲ့တင်ပြပေးလိုက်ပါတယ်။
Credit: Thet Naing Soe
Credit: Thet Naing Soe
Wednesday, July 2, 2014
Remove Pop-up Ads from Internet Explorer, Firefox and Chrome
အင်တာနက်အသုံးပြုတဲ့ပုဂ္ဂိုလ်တိုင်းတွေ့ကြုံရတတ်တဲ့ပြဿနာတစ်ခုကတော့ မိမိအသုံးပြုနေတဲ့ဘရောက်စ်တွင် မလိုအပ်
သော ကြော်ငြာ (Advertising Page) စာမျက်နှာအလိုလျှောက်ပွင့်လာခြင်းဖြစ်ပါတယ်။ အဲဒါက Pop-up Ads လို့လဲခေါ်
ပါတယ်။ ဒီ Pop-up Ads စာမျက်နှာတွေပွင့်လာသောအားဖြင့် အကျိုးသက်ရောက်မှုတွေကတော့ အင်တာနက်ပေါ်မှ
Malaware, Adware လို့ခေါ်တဲ့ ဗိုင်းရပ်စ်တွေဟာ မိမိစက်ကိုလာရောက်နှောင့်ယှက်နိုင်တဲ့ပြဿနာလို့သဘောပေါက်ရမှာ
ဖြစ်ပါတယ်။
နောက်ပြီးမိမိစက်ကလေးလံနေခြင်း၊ ဘရောက်စာများခဏခဏဂျန်းဖြစ်နေခြင်းစသည်တို့လည်း ကြုံရမှာဖြစ်ပါတယ်။
အထက်ပါဗိုင်းရပ်စ်ရဲ့လက္ခဏာများမှာ...
၁။ မလိုအပ်ဘဲ မိမိကွန်ပျူတာတွင် အလိုအလျှောက် ၀င်ရောက်လာခြင်း
၂။ တစ်ခုထက်ပိုသော application များ အလိုအလျှောက်ထည့်သွင်းခြင်း
၃။ မိမိ application (ဘရောက်စာ) အသုံးပြုနေစဉ်အတွင်း ကြော်ငြာ (Pop-up Ads) စာမျက်နှာပွင့်လာခြင်း
၎။ တစ်ခုထက်ပိုသော Pop-up Ads ကြော်ငြာစာမျက်နှာများ ပွင့်လာခြင်း
၅။ အင်တာနက်အသုံးပြုနေစဉ်အတွင်း မလိုအပ်ဘဲ ဒေတာများဒေါင်းလုဒ်စေခြင်းနှင့် အခြား အသုံးသူများထံပို့ပေးခြင်း
၆။ ထိုပရိုဂရမ်၊ ဒေတာများကို Uninstall လုပ်ရန်ခက်ခဲခြင်း တို့ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)